Platinum Package (PM Kits + DEALER SERVICE + Oil Analysis + EM Solution Informed Service)

Part Name : Platinum Packages (PM Kit + TA1 + SOS + Product Link)

To view details, please click below link

https://www.parts-mspcat.com/product-category/generator-parts/filterpm-kits-generator-parts/

Click below to download the flyer

https://www.parts-mspcat.com/wp-content/uploads/2020/12/ET-CVA-Marketing-Flyer.pdf

Description

  1. Platinum Package (PM Kits + DEALER SERVICE + Oil Analysis + EM Solution Informed Service)

PM Kits

  • ပုံမှန်စက်နာရီ (၅၀၀/၁၀၀၀/၂၀၀၀) တွင် လဲလှယ်ရန်အတွက်လိုအပ်သော (ဆီစစ်၊ ရေစစ်၊ အင်ဂျင်ဝိုင်စစ်၊ ချောဆီ) အစရှိသည့် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် အတွက် (PM-KIT) များဖြင့် စုစည်းပေးခြင်းအပြင် မိမိစက်ယန္တရားများအတွက်လိုအပ်သော စက်အပိုပစ္စည်းများအား ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။

DEALER SERVICE

  • စက်ယန္တရားများ၏ အင်ဂျင်ဝိုင်စစ်၊ ဆီစစ်၊ ရေစစ်၊ လေစစ်နှင့်အတူ မီးခိုးရောင်၊ အင်ဂျင် မောင်းနှင်သံကြောင့် ပြောင်းလဲ တတ်သော စက်ပိုင်းဆိုင်ရာ အခြေအနေများကို ကြည့်ရှုကာ စစ်ဆေးပေးခြင်း။
  • စက်ယန္တရားများတွင်ပါဝင်သော စက်အစိတ်အပိုင်းများ၏ ဆီယိုစိမ့်မှုများနှင့်တကွ စက်ပိုင်းဆိုင်ရာ ဖြစ်ပေါ်နိုင်သော အခြေအနေများကို စစ်ဆေးကာ မှတ်တမ်းတင်သတိပေးခြင်း။
  • စက်ယန္တရားတွင် တပ်ဆင်ထားသော စက်အစိတ်အပိုင်းများ၏ပျက်စီး၊ ပျောက်ဆုံးမှုရှိ/မရှိကို ကြည့်ရှုကာစစ်ဆေးပေးခြင်း စသဖြင့် စက်ပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် ကြုံတွေ့နိုင်သော လုပ်ငန်းခွင်အခက်အခဲများကို ကြိုတင်ကာကွယ်နိုင်ရန် အကြံဉာဏ်များ ပေးသွားမည်ဖြစ်ပါသည်။
  • စက်ယန္တရားများ၏ ယိုယွင်းပျက်စီးမှုများအား CAT ၏ ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ (CAT certified technicians) များမှ ပြုပြင်ထိန်းသိမ်းပေးခြင်းစသည့် ဝန်ဆောင်မှုများ ရယူနိုင်မည်ဖြစ်ပါသည်။

Oil Analysis

 

  • (PM-KIT, DEALER SERVICE) အပြင်လူကြီးမင်းတို့စက်ယန္တရားများ၏ဆီ အရည်အသွေးအား စစ်ဆေးပေးခြင်း (SOS) နှင့်အတူ လိုအပ်သောအကြံဉာဏ်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

 

EM Solution Informed Service

– (PM-KIT, DEALER SERVICE, Oil Analysis) အပြင် MSP CAT မှ Product Link တပ်ဆင်ထားသော စက်ယန္တရားများအတွက် နည်းပညာ အကူအညီဖြင့် လိုအပ်သည့်အချက်အလက်များကို ရယူပံ့ပိုးပေးကာ စက်ယန္တရားများ၏ လုပ်ငန်းခွင် လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ပိုမိုစီမံခန့်ခွဲနိုင်ရန် အတွက် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပါသည်။

ဖုန်း- ရန်ကုန်-(၉၅-၉)၉၇၇၀၀၀၇၇၇၊ မန္တလေး-(၉၅-၂)၅၁၅၂၃၄၅၊ ၅၁၅၂၃၄၆ Hotline: (၉၅-၉)၇၇၇၀၄၇၀၉၄